International News

အသားငါးနှင့်ဟင်းသီးဟင်းရွက်ထွက်ကုန်များ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ဥပဒေအသစ်ပြဌာန်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အင်ဒိုနီးရှားစိုက်ပျိုးထွက်ကုန်များ ထိန်းချုပ်ကာကွယ်ရေးအေဂျင်စီ (Indonesian Agricultural Quarantine Agency-IAQA)  မှ Fresh Food of Plant Origin (FFPO) များအတွက် ခြေရာခံမှုစနစ်ပိုမိုတိုးတက်စေရန် အသားငါးနှင့်ဟင်းသီးဟင်းရွက်ထွက်ကုန်များ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ဥပဒေအသစ် ပြဌာန်းထားပါကြောင်း သတင်းရရှိပါသည်။

Indonesian Agricultural Quarantine Agency (IAQA) အနေဖြင့် အင်ဒိုနီးရှား နိုင်ငံသို့ တင်ပို့သည့် Fresh Food of Plant Origin (FFPO) များအတွက် ကြိုတင် အသိပေးခြင်းစနစ် (Prior Notice System) ကို ပြင်ဆင်မွမ်းမံသွားမည်ဖြစ်ကြောင်း၊ မြန်မာပို့ကုန် တင်သွင်းသူများသည် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းမရောက်မီ ကြိုတင်အသိပေးခြင်း (Prior Notice) ကို website: http://karantina.pertanian.go.id (သို့မဟုတ်) http://notice.karantina.pertanian.go.id တွင် အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းစနစ်သည် ၁၀-၅-၂၀၂၂ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ် ကြောင်း သိရှိရပါသည်။ အသေးစိတ်သိရှိလိုပါက [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

 

Source: https://mitc.myantrade.gov.mm/post/Trade News

Category: International News